ယောရှုမှတ်စာကို ခြုံငုံသုံးသပ်ခြင်း
ယောရှုမှတ်စာကျမ်းကို ခြုံငုံလေ့လာ သုံးသပ်ထားသည့် ကျွန်ုပ်တို့၏ ဗီဒီယို ကို ကြည့်ပါ။ ဤဗီဒီယို၌ စာစောင်၏ စာပေပုံစံနှင့် တွေးခေါ်ယူဆမှုများ စီးဆင်းပုံကို ခွဲခြား ရှင်းပြထားပါသည်။ မောရှေ သေဆုံးသွားပြီးနောက် ဣသရေလလူများကို ယောရှု ဦးဆောင်ကာ လောလောဆယ် ခါနန်လူများ သိမ်းပိုက်ထားသည့် ကတိတော် မြေထဲသို့ သူတို့ဝင်ရောက် အခြေချ နေထိုင်ကြပါသည်။ #BibleProject #သမ္မာကျမ်းစာ #ဓမ္မဟောင်း
တိမောသေသြဝါဒစာ ဒုတိယစောင်ကို ခြုံငုံသုံးပ်ချက်
တိမောသေဩဝါဒစာ ဒုတိယစောင်ရဲ့ စာပေကျမ်းဂံအရ ပုံဖော်ထားပုံနဲ့ သူ့ရဲ့ ချိတ်ဆက် စီးဆင်းမှုတွေကို ခြုံငုံလေ့လာထားတဲ့ ဒီ ဗီဒီယိုကို ကြည့်ကြပါစို့။ တိမောသေဩဝါဒစာ ဒုတိယစောင်ထဲမှာ ပေါလုက သေဆုံးခါနီးနေပြီ ဆိုပေမဲ့ .. ဘယ်လောက်ပဲ စွန့်လွှတ်စွန့်စားရပါစေ...သခင်ယေရှုနောက်ကိုသာ လိုက်ဖို့ တိမောသေကို ပုဂ္ဂိုလ်ရေးအရ စိန်ခေါ် တောင်းဆိုပါတယ်။ #BibleProject #သမ္မာကျမ်းစာ #တိမောသေ
ကောရိန္သု ဩဝါဒစာ ပထမစောင်ကို ခြုံငုံသုံးသပ်ခြင်း
ကောရိန္သုသြဝါဒစာပထမစောင် ကို စာပေကျမ်းဂံအရ ပုံဖော်ထားပုံနဲ့ သူ့ရဲ့ ချိတ်ဆက် စီးဆင်းမှုတွေကို ခြုံငုံလေ့လာထားတဲ့ ဒီ ဗီဒီယိုကို ကြည့်ကြပါစို့။ ကောရိန္သု သြဝါဒစာ ပထမ စောင်မှာ ကောရိန္သုမြို့ရှိ ခရစ်ယာန်အသစ်များအနေနဲ့ ဘဝရဲ့ အရှုပ်ထွေးဆုံး ပြဿနာများကို ဧဝံဂေလိတရားအားဖြင့် အကျယ်ချဲ့ ကြည့်နိုင်တယ်လို့ ပေါလု ဖွင့်ပြခဲ့တယ်။ #BibleProject #သမ္မာကျမ်းစာ #ကောရိန္သု ဩဝါဒစာ
ရှလုံ - ငြိမ်းချမ်းခြင်း (ငြိမ်သက်ခြင်း)
ဤငြိမ်းချမ်းခြင်း (ငြိမ်သက်ခြင်း) ဆိုသော စကားလုံးမှာ အင်္ဂလိပ်လို အလွန်အသုံးများသော စကားလုံးဖြစ်ပြီး မတူညီသော လူများကမတူညီသော အကြောင်းအရာများဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ဤစကားလုံးက သမ္မာကျမ်းစာထဲမှာ အလွန်အရေးကြီးသော စကားလုံးလည်းဖြစ်ပြီး ပဋိပက္ခများ မရှိခြင်းကို ဆိုလိုခြင်းသာမက တစ်စုံတရာ ရှိနေခြင်းကိုလည်း ဆိုလိုပါသည်။ ဤဗီဒီယိုထဲမှာ ကျမ်းစာလာ ငြိမ်းချမ်းခြင်း (ငြိမ်သက်ခြင်း) သို့မဟုတ်၊ ရှလုံ ဟူသော စကားလုံး၏ အဓိက အဓိပ္ပါယ်နှင့် ၎င်းသည် သခင်ယေရှုထံသို့ မည်ကဲ့သို့ ဦးတည်သွားကြောင်းကို ကျွန်ုပ်တို့ ရှာဖွေလေ့လာကြပါမည်။ #BibleProject #သမ္မာကျမ်းစာ #ရှလုံ
ဖိလေမုန်သြဝါဒစာကို ခြုံငုံသုံးသပ်ခြင်း
ဖိလေမုန်သြဝါဒစာရဲ့ စာပေကျမ်းဂံအရ ပုံဖော်ထားပုံနဲ့ သူ့ရဲ့ ချိတ်ဆက် စီးဆင်းမှုတွေကို ခြုံငုံလေ့လာထားတဲ့ ဒီ ဗီဒီယိုကို ကြည့်ကြပါစို့။ ဖိလေမုန်သြဝါဒစာထဲမှာ ပေါလုက သူ့မိတ်ဆွေ ဖိလေမုန်ကို ထွက်ပြေးသွားတဲ့ သူ့ရဲ့ အစေခံကျွန်ဟောင်း ဩနေသိမ်နဲ့ ပြန်လည် သင့်မြတ်အောင် ကူညီပေးပြီး သခင်ယေရှုကြောင့် သူတို့ဟာ အတူတူဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ #BibleProject #သမ္မာကျမ်းစာ #ဖိလေမုန်
- اللغة المصرية العامية
- 粤语
- မြန်မာဘာသာ
- монгол
- Afrikaans
- አማሪኛ
- العربية
- বাংলা
- български
- Hrvatski
- Čeština
- Nederlands
- English
- فارسی
- Suomalainen
- Français
- Deutsch
- Ελληνικά
- ગુજરાતી
- हिंदी
- Magyar
- Indonesia
- Italiano
- 日本語
- ಕನ್ನಡ
- ភាសាខ្មែរ
- 한국어
- Lietuviškai
- മലയാളം
- 中文
- मराठी
- नेपाली
- Norsk
- Polski
- Português
- ਪੰਜਾਬੀ
- Română
- Pусский
- සිංහල
- Slovenčina
- Español
- Kiswahili
- Svenska
- Tagalog
- தமிழ்
- తెలుగు
- ภาษาไทย
- Türkçe
- Українська
- اردو
- Việt